AA Info Desk
55.5K subscribers
1.33K photos
87 videos
8 files
144 links
Download Telegram
အာရက္ခဒေသ၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကြောင်ဖိုရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခဒေသ၊ ကျောက်တော်မြို့နယ်အတွင်းရှိ "ကြောင်ဖိုရွာ" အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ဖိုရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၂) ဦး စုစုပေါင်း (၇) ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၀) ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် (၅) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းဒဏ်ရာ ရရှိခဲ့သူများထဲတွင် (၁၂) နှစ်အောက် ကျောင်းတက်နေသည့် ကလေးငယ် ကျောင်းသား/သူ (၆) ဦးပါဝင်ပြီး အများစုမှာ ကျောင်းသူ မိန်းကလေးငယ်များဖြစ်ကြသည်။

အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အကျအဆုံးအထိအခိုက်များစွာနှင့် ရင်ဆိုင်နေရသော ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်သည် သူရဲဘောကြောင်စွာဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေပြီး ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

ဓာတ်ပုံ - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခဒေသ၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကြောင်ဖိုရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများနှင့် ပျက်စီးသွားသည့် လူနေအိမ်များ

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢611🤬63🤣3632👍10🙏6🔥3🍾1
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီ၊ (၄၀) မိနစ်အချိန်တွင် အာရက္ခဒေသ၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကြောင်ဖိုကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ဒဏ်ရာရ၊ သေဆုံး စာရင်း
😢714🤬5746😁23🤣15🍾4👎3👍2🥰2🕊2🥴1
ဒီဇင်ဘာလ (၁၀) ရက်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့၌ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်မှ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၇) ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်
😢761👍11051🤣30😁24🤬19🙏8❤‍🔥1😱1
Statement of Objection and Condemnation Regarding the Deliberate and Intentional Aerial Attack by the Fascist Terrorist Military Commission on Mrauk-U Township Public Hospital on December 10 (International Human Rights Day)

11 December 2025
😢529👍74🤣4327🤬10🥰9🤔2🙏1
关于法西斯恐怖主义军委会于十二月十日(国际人权日)蓄意空袭妙乌市人民医院战争罪行的谴责
😢500👍9031😁31🤣25🤬6🥰2
မြောက်ဦးဆေးရုံအားဗုံးကြဲတိုက်ခိုက်ပြီး နောက်ရက်၌ပင် ကျောက်ဖြူမြို့နယ်၊ ငလုံးစု ကျေးရွာအတွင်းသို့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

အာရက္ခပြည်၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၇) နာရီ (၃၄) မိနစ်တွင် မြောက်ဦးဆေးရုံအား ဗုံးကြဲသည့်နည်းတူ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးပေါ်မှ ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခဲ့သည်။

စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပေါ် ဤကဲ့သို့ လေကြောင်းမှတိုက်ခိုက်ကာ စစ်ရာဇဝတ်ကျူးလွန်မှုကြောင့် င/လုံးစု အထက်ရွာ နှင့် အောက်ရွာအတွင်းမှ အပြစ်မဲ့အရပ်သားပြည်သူ ကျား+မ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ပြီး ကျား + မ စုစုပေါင်း (၁၀) ဦးခန့်ဒဏ်ရာရရှိထားကြောင်း ကနဦးသတင်းအရ သိရှိရသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢587🤬91🤣2421😁9👍6👎2🍾1
One day after the bombing of Mrauk-U Hospital, the fascist terrorist Military Council again carried out an airstrike on Ngalunzu village cluster, Kyaukphyu Township

12 December 2025

Arakan State, Kyaukphyu District, Kyaukphyu Township On 11 December 2025 at 7:34 p.m., a jet fighter belonging to the fascist terrorist Military Council dropped two bombs from the air on the Upper and Lower villages of Ngalunzu village cluster, in exactly the same manner as the bombing of Mrauk-U Hospital, thereby committing yet another war crime.

Due to these airstrikes deliberately targeting civilians (a war crime repeatedly committed by the Military Council), a total of eight innocent civilians (men and women) from Upper and Lower Ngalunzu villages were killed, and approximately ten others (men and women) were injured, according to initial reports.

#AAInfoDesk
😢509🤬54🤣2523👍12😁4👏3👎1🍾1
在对妙乌医院实施轰炸袭击一天后,法西斯恐怖主义军委会再次对皎漂镇额隆素村组发动空袭。

2025 年 12 月 12 日

2025年12月11日晚7时34分,在若开地区皎漂县皎漂镇额隆素村组的上村及下村,法西斯恐怖主义军委会以与袭击妙乌医院相同的方式,使用喷气式战机投掷两枚炸弹实施攻击,进一步犯下战争罪行。

根据初步报告,军委会针对无辜平民的此类空袭战争罪行,已造成额隆素村上下两村共8名平民(含男性与女性)丧生,另有约10名平民(含男性与女性)受伤。

新闻与宣传
若开军(AA)
😢562🤣45🤬2614👍11👎1💯1🍾1
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည်လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။

(၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်

(၂) ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်


(၃) မြောက်ဦးမြို့နယ်၊ရဲတပ်ရင်း (၃၁) ဝန်းကျင်

🚨 👉လေကြောင်းရန် အထူး သတိထားကြပါရန် 👈🚨

Edit ✍️
ည (၁၀) နာရီ (၅၀) မိနစ်

(၄) ရသေ့တောင်မြို့နယ်၊ နှင့် မူစဲ ကျွန်း ဝန်းကျင် ၊ ရီပိုက်ဆုံ ကျေးရွာ။
Please open Telegram to view this post
VIEW IN TELEGRAM
😢540👍80🤬76🙏59🤣3723😁10🥰3🍾2👎1💯1
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ ( ၀၀ : ၁၈) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ပတ်ဝန်းကျင်ကိုလည်းကောင်း၊

(၀၀ : ၂၀) နာရီအချိန်တွင် ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ (ရီပိုက်ဆုံ)ကျေးရွာကိုလည်းကောင်း

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံးစီ လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်။

သေဆုံး၊ ဒဏ်ရာရလူနာများအခြေအနေအသေးစိတ်ကို ထပ်မံတင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢558🤬67🤣3432👍11💔7👏6🔥4🍾4😁3👎1